အလင်းရောင်နည်းပညာ: Google Maps
#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected
Showing posts with label Google Maps. Show all posts
Showing posts with label Google Maps. Show all posts

Saturday, January 16, 2021

ကိုယ့်ဆိုင် ကိုယ့်လုပ်ငန်းကို Google Maps ပေါ်မှာ ပေါ်အောင် ဘယ်လိုလုပ်မလဲ?


Google Maps ပေါ်မှာ Location ရှာဖူးသူတွေကတော့ သိမယ်ထင်ပါတယ်။


ဥပမာ-ကိုယ့်သူငယ်ချင်းအိမ်ကို သွားတဲ့ လမ်းနဲ့ နေရာ ရှာတယ်ဆိုရင် အဲ့နေရာ လမ်းတစ်ဝိုက်က စားသောက်ဆိုင်၊ ဆေးဆိုင်၊ ဟိုတယ် အစရှိတဲ့ နာမည်တွေ ပေါ်လာကြတာ မြင်ဖူးကြတယ်မလား။

ကိုယ်ကော တစ်ယောက်ယောက်က ကိုယ့်ဆိုင်၊ လုပ်ငန်းကို Googel Maps ပေါ်မှာ ရှာရင် ပေါ်မလာစေချင်ဘူးလား ဘေဘီ...။

ကိုယ့်လုပ်ငန်းကို မရှာကြရင်တောင် လမ်းထဲက Grab and Go ကို ရှာတာကို ကိုယ့် ဆိုင်၊ လုပ်ငန်းနာမည်လေးပေါ်လာတာရော မလိုချင်ဘူးလား?

ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့အနီးတစ်ဝိုက် အလှကုန်ဆိုင်ရှာတယ်ဆိုပါစို့ ...။

Google Maps မှာ Cosmetics Store လို့ ရိုက်လိုက်တာနဲ့ ကိုယ့်ဆိုင် လေးပေါ်မလာစေချင်ဘူးလား?

ဒီလိုပေါ်လာအောင်မလုပ်ရသေးဘူးဆိုရင်တော့ အခုပဲလုပ်လိုက်ပါ။ ဘယ်သူတွေ လုပ်သင့်လဲဆိုတော့ Physical Store/Venue/Building ရှိတဲ့ လုပ်ငန်းတိုင်း လုပ်သင့်ပါတယ်ခင်ဗျ။

အထူးသဖြင့် Location Search အသုံးကြမ်းတဲ့ လုပ်ငန်းအမျိုးအစားတွေ ဖြစ်တဲ့ စားသောက်ဆိုင်၊ ပရိဘောဂဆိုင်၊ Travel and Ticketing လုပ်ငန်း၊

Bakery House/Soft Drink/Coffee ဆိုင်၊ Spa၊ ဟိုတယ်၊ တည်းခိုခန်း၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ ဆေးခန်း၊ မူကြိုကျောင်း၊ စားသောက်ကုန်လုပ်ငန်း၊ လက်ကားဆိုင် အမျိုးမျိုး၊ ဝန်ဆောင်မှု လုပ်ငန်းတွေ ဖြစ်တယ်ဗျ။

အရင်တုန်းကတော့ Google Places လို့ ခေါ်ခဲ့ပေမယ့် ခုတော့ Google My Business ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်လာခဲ့ပါပြီ။

အဆင့်တွေလည်း အရမ်းမ များဘဲ လွယ်ကူပါတယ်။ အဲ့တော့ လုပ်ကြည့်ကြရအောင်ဗျ...။

အဆင့်(၁) Gmail ကိုတော့ sign in လုပ်လိုက်ပါ။ ပိုလွယ်တာပေါ့။

အဆင့်(၂) Google My Business ကိုသွားပါ။ ဒီမှာ Link>>> http://bit.ly/2Jf89uW

အဆင့်(၃) Start Now ကိုနှိပ်ပြီး Gmail/Facebook Account တွေ ဖွင့်သလိုပါပဲ။ သူမေးတာတွေ ဖြည့်ရတယ်ပေါ့။

လုပ်ငန်း၊ ဆိုင် နာမည်၊ လိပ်စာ၊ Location Pin Point အစရှိသဖြင့် ဖြည့်ပြီး Submit လုပ်လိုက်ရင် ရပါပြီ။

ဒါပေမယ့် information ဖြည့်တဲ့အခါ မမှားအောင် အထူးသတိထားပါ။

လမ်းနာမည်တွေ လည်း စာလုံးပေါင်း ကအစ မမှားပါစေနဲ့ ။

ဘာလို့လည်းဆိုတော့ Submit လုပ်လိုက်တာဟာ Verification လုပ်ဖို့ တင်လုပ်တာပဲ ရှိပါသေးတယ်။

တန်း အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့် Google My Business Account တစ်ခုတော့ ရပါပြီ။

မှားဖြည့်မိရင် Verification Process မအောင်မြင်ဖြစ်တတ်ပါတယ်။ မှားဖြည့်တဲ့ဟာက Verification အောင်မြင်သွားရင် ပိုဆိုးပါတယ်။

Google Maps မှာ ကိုယ့်ဆိုင်နာမည်/နေရာမှားပေါ်တာတွေ ဖြစ်မှာဖြစ်ပြီး အမှန်ပြန်လျှောက်ရတာ နည်းနည်းလက်ဝင်နိုင်ပါတယ်။

Google က တကယ်ဒီဆိုင်၊ လုပ်ငန်း ရှိမရှိ verify လုပ်ပြီးမှ Google Mas ပေါ်ရောက်လာမှာ ဖြစ်ပါတယ်။

ကိုယ့်ဆိုင်၊ လုပ်ငန်းကို verify လုပ်ပေးမယ့် သူမရှိရင် မရှိသလို ကြာတတ်ပြီး ပျမ်းမျှတော့ သုံးရက်ခန့်ကြာနိုင်ပါတယ်။

နဂိုကတည်းက Google Maps ပေါ်မှာ ပေါ်ပြီးသား ဆိုင်၊ လုပ်ငန်းတွေဆို Claim လုပ်ရုံပါပဲ။

Google က သူဘာသူ verify လုပ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ Google My Business Account ထဲမှာ Facebook မှာလိုပဲ Cover Photo,Timeline Photo,Profile Photo အပြင် Post တွေတင်တာ လုပ်လို့ရပါသေးတယ်နော်...။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်...။
Aung Hein - နည္​းပညာ