အလင်းရောင်နည်းပညာ: ကျန်းမာရေး
#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Saturday, January 16, 2021

မျက်လုံးနဲ့ ပက်သတ်ပြီး လူအများ လုပ်လေ့ရှိကြတဲ့ အမှားများ

 














Credit - Hello Doctor

ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

 







Credit - Hello Docter

လည်ချောင်းနာ သက်သာစေသော နည်းလမ်း (၁၀)မျိုး

 

နည်းလမ်းများ

လည်ချောင်းနာခြင်းသည် ခံရခက်လွန်းသော ဝေဒနာတစ်မျိုးဖြစ်သည်။ အထူးသဖြင့် သင့်အလုပ်သည် စကားများများပြောရန် လိုအပ်သော အလုပ်ဖြစ်ပါက ပို၍ပင်ဆိုးဝါးသည်။ အကယ်၍ သင့်တွင်ဆရာဝန်ဆီ သွားရန်အချိန်မရှိသေးပါက အိမ်တွင်းကုထုံးများနှင့် ဆေးစာမလိုဘဲ ဆေးဆိုင်မှ ဝယ်၍ရသောဆေးဝါးများကို စမ်းသပ်သုံးစွဲနိုင်သည်။ အောက်ပါနည်းလမ်း ၁၀မျိုးမှာ လည်ချောင်းနာသက်သာစေသော နည်းလမ်းများပင်ဖြစ်သည်။

(၁) Advil

သင့်အိမ်တစ်နေရာရာတွင် Advil ဆေးလုံးလေးများတော့ ရှိနေပြီးသားဖြစ်လိမ့်မည်။ Advil သည် အရောင်ကျဆေး နှင့် အနာသက်သာဆေးတို့ပါဝင်သည့် စတီးရွိုက်မပါသော ဆေးတစ်မျိုးဖြစ်သည်။ ရောင်ရမ်းခြင်းကိုသက်သာစေကာ သင့်ကို ပိုပြီးနေထိုင်ကောင်းစေမှာပါ။

(၂) ဆားရေ

သိပ္ပံပညာရှင်များက တစ်နေ့သုံးလေးကြိမ် ဆားရေနွေးနွေး ဖြင့်ပလုပ်ကျင်းခြင်းသည် ရောင်ရမ်းခြင်းနှင့် ချွဲသလိပ်တို့ကို လျော့ပါးစေပြီး ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ပေးသည်။ ရေတစ်ခွက်လျှင် လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ဖျော်နိုင်သည်။ အရသာမပြင်းစေရန် ပျားရည်အနည်းငယ်ထည့်နိုင်သော်လည်း ပလုပ်ကျင်းပြီးလျှင် ထွေးထုတ်ဖို့တော့ မမေ့ပါနှင့်။

(၃) လည်ချောင်း ဖျန်းဆေး

လည်ချောင်း ဖျန်းဆေး များတွင် Menthol သို့မဟုတ် Eucalyptus စတည့် အေးမြစေသော ပါဝင်ပစ္စည်းများ ပါဝင်ပါက ပို၍ထိရောက်မှုရှိသည်။ လည်ချောင်းနာခြင်းအား အရှင်းပျောက်ကင်းအောင် မကုသနိုင်သော်လည်း သင့်အား အလုပ်လုပ်နိုင်သည်ဆိုရုံတော့ အနာသက်သာစေသည်။

(၄) ချောင်းဆိုးပျောက် ဆေးရည်

ချောင်းဆိုးပျောက် ဆေးရည် သောက်ခြင်းဖြင့်သင့်လည်ချောင်းအား နာကျင်မှုကို ခေတ္တသက်သာစေသည်။ အကယ်၍ သင်အလုပ်သွားရမည်ဆိုလျှင်တော့ အိပ်မငိုက်စေသော ဆေးရည် ကိုအသုံးပြုပါ။

(၅) အရည်များ

အကယ်၍သင် လည်ချောင်းနာစပြုလာပြီဆိုလျှင် အရည်များများသောက်ဖို့အရေးကြီးပါသည်။ ရေကတော့ အကောင်းဆုံးပင်ဖြစ်သည်။ သို့သော်လည်း ရေထက်အရသာရှိသည်ကို သောက်သုံးလိုလျှင်တော့ သစ်သီးဖျော်ရည်များ သို့မဟုတ် ကြက်သားပြုတ်ရည်ကို သောက်သုံးနိုင်သည်။

(၆) ဆေးဖက်ဝင် လက်ဖက်ရည်

လက်ဖက်ရည်တွင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ များကြွယ်ဝပြီး သင့်အားကိုယ်ခံအားကောင်းစေ၍ ရောဂါကူးစက်မှုမှ ကာကွယ်ပေးသည်။ လက်ဖက်ရည်ပူပူနွေးနွေးလေးတစ်ခွက်သည် လည်ချောင်းနာခြင်းကို ရုတ်ချည်းသက်သာစေသည်။

(၇) ကြက်သား စွပ်ပြုတ်

လည်ချောင်းနာနေချိန်တွင် မာသောအစာများသည် သင့်အားဒုက္ခရောက်စေသည်။ အားမပြတ်စေရန်အတွက် အာဟာရပြည့်ဝသော အရည်များကိုသောက်သုံးသင့်သည်။

(၈) Marshmallows

လေ့လာစစ်ဆေးမှုများ၊ စမ်းသပ်မှုများ မရှိသေးသော်လည်း၊ Marshmallow ပင်မှသစ်ပင်အစေးအား ချောင်းဆိုး၊ အအေးမိ၊ လည်ချောင်းနာခြင်းများအတွက် ဆေးဝါးအဖြစ်အသုံးပြုလာကြသည်မှာ နှစ်ပေါင်းမနည်းတော့ပြီဖြစ်သည်။ ခေတ်ပေါ် Marshmallows များသည်ယခင်ကလောက် ဆေးစွမ်းမထက်သော်လည်း အနည်းငယ်တော့ အသုံးဝင်နေသေးသည်။

(၉) အနားယူခြင်း

ရောဂါကူးစက်ခြင်းနှင့်ပတ်သက်လာလျှင် သင့်ခန္ဓာကိုယ်အား အနားပေးခြင်းသည် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ လည်ချောင်းနာခြင်းသည် တုပ်ကွေး ဗိုင်းရပ်စ်ပိုး များကြောင့် အများဆုံးဖြစ်ပွားသည်။ ကောင်းမွန်စွာအနားယူထားသော ခန္ဓာကိုယ်သည် ရောဂါများကိုတိုက်ထုတ်ခြင်း၌ တစ်ပန်းသာသည်။

(၁၀) ပဋိဇီဝဆေးများ

လည်ချောင်းနာခြင်းသည် ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်သည်ဆိုလျှင် ပဋိဇီဝဆေးများသည် တစ်ခုတည်းသော အဖြေပင်ဖြစ်သည်။ သို့သော် ပထမအကြိမ်သောက်သုံးပြီး၍ သက်သာသွားလျှင်ပင် ဆေးအပတ်လည်အောင် သောက်သုံးဖို့ကို သတိရပါ။

လည်ချောင်းနာခြင်းသည် အခြားပြင်းထန်သောရောဂါကြီးများ၏ အစလက္ခဏာလည်းဖြစ်နိုင်သည်။ အကယ်၍ လည်ချောင်းနာခြင်း ရှည်ကြာနေပါက သင့်ဆရာဝန်ထံသို့ သွားရောက်တိုက်ပင်သင့်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Aung Hein - နည္​းပညာ